Facebook Collection :

Home » Myanmar Male Singer » Rock Will Never Die


""ပီတိစားပြီး မာနကို ခေါင်းပေါ်ရွက်ထားတဲ့ ဒိုးလုံး"" နာသုံးနာ စကားကို အကျွမ်းတ၀င်ရှိခဲ့တာ ကြာပြီ။ အဲဒီ နာသုံးနာသည်ကား ၀ါသနာ၊ စေတနာ၊ အနစ်နာဟူသော နာသုံးနာ ပင်ဖြစ်သည်။ လူ့လောက ဇာတ်ခုံ၌ ထိုသို့သော နာသုံးနာရင်း၍ လူသားမျိုးနွယ်စု ရှင်သန်အောင် ပြုစုစောင့်ရှောက်နေကြသူများကလည်း လူ့လောကအလယ်၌ ထုထည်ကြီးမားစွာ ရှိကြသည်။ ထိုသူများထဲတွင် ကျောင်းဆရာ/ဆရာများ ပါဝင်သလို၊ သိပ္ပံပညာရှင်ကြီးများမှစ၍ လယ်ယာထွန်ယက် စိုက်ပျိုးနေသူ လယ်သမားကြီးများအထိ ပါဝင်နိုင်ပေသည်။ ချုပ်၍ဆိုရလျှင် ရှေ့လူများ မစားဘဲ စွန့်ခဲ့ကြလို့ နောက်လူများ မစွန့်ဘဲ စားနေသည်များလည်းရှိသည်။ တကယ်တော့ မစားဘဲ စွန့်ခဲ့သူများသည် ပီတိကို အဟာရအဖြစ် မှီဝဲထားကြသူများသာဖြစ်ပါသည်။ ဒါကြောင့် ပီတိဟူသည် လူတို့၏ သမိုင်းတစ်လျှောက်အတွက် အလှပဆုံးနှင့် ခမ်းနားအထည်ဝါဆုံးသော အဟာရ အားဆေးများသဖွယ် ရှိနေခဲ့ပါသည်။ ထိုအဟာရဆေး မှီဝဲသူများထဲတွင် ဒိုးလုံးတစ်ယောက်သည်လည်း အပါအ၀င်ဖြစ်ခဲ့သည်။ သူသည် မာနကို ခေါင်းပေါ်ရွက်၍ ပီတိအာဟာရကို မှီဝဲနေသူလည်းဖြစ်သည်။ ဒါကြောင့်လည်း ဒိုးလုံးနဲ့ကြုံဆုံတုန်းမှာ ပီတိကိုသာ အဓိကထား မှီဝဲတတ်တဲ့ သူ၏နာသုံးနာနှင့် သူ၏ဂီတရေစီးသံကို ကြားနာ ခံစား နားဆင်လိုက်မိသည်ဟုသာ ဆိုချင်ပါတော့သည်။ ----------- မေး - ကိုဒိုးလုံးရဲ့ဘ၀မှာ အော်တာနေးတစ် ၀င်ပူးလာဖို့ ဘယ်လို ထူထောင်ခဲ့ရသလဲ ဆိုတာလေးကစပြီး ပြန်ပြောကြရင် ပိုကောင်းလိမ့်မယ် ထင်တယ်နော်။ ဖြေ - အော်တာနေးတစ်ဆိုတာ ကျွန်တော့်ရဲ့ Life ပဲ။ ကျွန်တော် Life ကလည်း အော်တာနေးတစ် အစစ်ပဲ။ ကျွန်တော် ငယ်ငယ်လေးကတည်းက ကျွန်တော့်Life က လုံးဝကို အော်တာ ဖြစ်ခဲ့တယ်။ မေး- ဒါဆို ကိုဒိုးလုံး ငယ်ဘ၀နဲ့ အော်တာ ဘယ်လို ဆက်စပ်ခဲ့သလဲဆိုတာ ပြောပြလို့ ရမှာပေါ့နော်။ ဖြေ - ရတာပေါ့။ ကျွန်တော့်ငယ်ဘ၀က တခြားကလေးငယ်တွေ ဆော့ကစားသလို မဆော့ကစားခဲ့ရဘူး။ ကျောင်းနဲ့အိမ်ပဲ အချိန်ကုန်ခဲ့တယ်။ မိဘတွေရဲ့ စည်းကမ်းတင်းကြပ်မှုအောက်မှာလည်း နေခဲ့ရတယ်။ ကလေးပီပီ မဆော့ရတဲ့အခါကျတော့ ကျွန်တော့်ကိုယ်ကျွန်တော် လွတ်လပ်ခွင့်မရှိဘူးလို့ထင်လာတယ်။ အချိန်ရှိသရွေ့ မိဘတွေသင်ကြားပြသထားတဲ့ ပီယာနိုကြီးကိုပဲ တီးနေခဲ့ရတယ်။ အဲဒီမှာ ကျွန်တော်က လွတ်လပ်ခြင်းဆီကို တိုးထွက်ချင်လာတယ်။ အစွန်းဆုံးအထိ ပေါက်ကွဲမိတာလည်းရှိတယ်။ တစ်ခါတလေတော့လည်း ငြိမ်သက် ၀မ်းနည်းနေတတ်တယ်။ အဲ့ဒါတွေဟာ ကျွန်တော့် ငယ်ဘ၀ဖြတ်သန်းမှုရဲ့ ဆက်စပ်မှု ပုံရိပ်အော်တာတွေပါပဲ။ မေး - ငယ်ငယ်လေးကည်းက ပီယာနိုတီးလာခဲ့သူဆိုတော့ အဲဒီအချိန်မှာ ကိုဒိုးလုံးရဲ့ အသက်က ခပ်ငယ်ငယ်ပဲ ရှိဦးမှာပေါ့နော်။ ဖြေ - ကျွန်တော့်အသက် အလွန်ဆုံးရှိလှ (၇) နှစ် (၈) နှစ်ပေါ့ ။ အဲ့ဒီအရွယ်ကတည်းက ဂီတကို ကျွမ်းဝင်နေခဲ့တယ်။ မေး - ကိုယ်တိုင် သီချင်းရေးဖြစ်တော့ရော ဘယ်အရွယ်လောက် ရောက်နေပြီလဲ။ ဖြေ - ကျွန်တော်သီချင်းရေးတော့ အသက် (၁၃) (၁၄) နှစ်လောက်ရှိပြီ။ သီချင်းစရေးဖြစ်တာလည်း အမေ့ကျေးဇူးတွေ အများကြီးပါပါတယ်။ မေး - အဆိုတော် ဒိုးလုံး ဖြစ်လာဖို့ မြို့ပြကို ဘယ်လိုရင်ဆိုင်ခဲ့ရသလဲ။ အဆိုတော် ဒိုးလုံး ဖြစ်လာပုံလေးကိုလည်း ပြောပါဦး။ ဖြေ - ကျွန်တော် လေလွင့်နေတဲ့အချိန်မှာပဲ ရန်ကုန်မြို့ပြကို ရောက်ခဲ့တယ်။ မြို့ပြရောက်တော့လည်း ဆက်ပြီး လေလွင့်အားတွေကောင်းနေခဲ့တယ်။ ငွေလိုရင် သီချင်းရေးပြီး လိုက်ရောင်းတယ်။ အဲဒီအခြေအနေမှာ စီးရီးထုတ်ဖို့ ထုတ်လုပ်သူတစ်ဦးနဲ့ သွားဆုံဖြစ်တယ်။ သူနဲ့ စီးရီးထုတ်ဖို့ သီချင်း (၃) (၄) ပုဒ်လောက် လုပ်ပြီးသွားတော့မှပဲ ထုတ်လုပ်သူဘက်က ဇာတ်မျောကြီးဆိုတာကို သိလာရတယ်။ သည်းခံပြီး စောင့်သော်ငြားလည်း အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ ခံစားလာရတယ်။ ဒါနဲ့ပဲ အမေ ရန်ကုန်ဆင်းလာတဲ့အချိန်မှာ အမေ့ခွင့်ပြုချက်နဲ့ ကျွန်တော်စီးနေတဲ့ကားကို ရောင်းပြီး စီးရီးထုတ်ဖြစ်ဖို့ ကြိုးပမ်းဖြစ်သွားတယ်။ မေး - ကိုဒိုးလုံး အမေကရော ကားရောင်းပြီး စီးရီးထုတ်မယ့်ကိစ္စကို အလွယ်တကူ သဘောတူပေးခဲ့တာလား ။ ဖြေ - အဖေ အမေတို့က နဂိုကတည်းက ဂီတကို ၀ါသနာကြီးကြတာလေ။ ကျွန်တော် စီးရီးထုတ်မယ်ဆိုတော့လည်း မကန့်ကွက်ကြပါဘူး။ နင်စီးရီး သိပ်ထုတ်ချင်နေရင် နင်စီးနေတဲ့ကားကို ရောင်းပြီးထုတ်ဆိုပြီးတော့ ခွင့်ပြုကြတယ်။ ကျွန်တော့်ခြေထောက် အပြတ်ခံပြီး စီးရီးထုတ်လိုက်တယ်။ အဲဒီမှာ အရိုးထိအောင်ရူး ဆိုတဲ့ စီးရီးလေး တင့်တယ်စွာ ရုပ်လုံးပေါ်လာခဲ့တယ်။ မေး - ငယ်ငယ်တုန်းက လွတ်လပ်ခွင့် မရှိဘူးလို့ သတ်မှတ်ထားတဲ့သူ တစ်ယောက်က အဆိုတော် ဖြစ်လာတော့ရော လွတ်လပ်ခွင့်ဆိုတာတွေ ရရှိခဲ့သလား။ ဖြေ - သိပ်မထူးပါဘူး။ ကျွန်တော် အဆိုတော်ဖြစ်လာတော့လည်း ကျွန်တော်လုပ်ချင်တာ လုပ်လို့မရတော့ဘူး။ ဥပမာ ကျွန်တော် (၁၉)လမ်း သွားထိုင်ချင်တယ်။ ဒါပေမဲ့ သွားထိုင်လို့ မရဘူး။ ဒါက ဥပမာ တစ်ခုပြောတာနော်။ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တွေလည်း အများကြီး ဆုံးရှုံးသွားတယ်။ သို့သော်လည်း အဲ့ဒီ ဆုံးရှုံးမှုအပေါ်မှာ ကျွန်တော်ကျေနပ်တယ်။ ကျွန်တော်လိုချင်တဲ့ အရာအတွက် ကျွန်တော် စွန့်လွှတ် ပေးဆပ်ရတာဖြစ်လို့ အများကြီး ကျေနပ်ပါတယ်။ မေး - နျူတန်နိယာမ သဘောအရ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိတယ်လို့ ကြားဖူးတယ်။ ကိုဒိုးလုံးကကော ဘယ်လို သက်ရောက်မှုတွေကြောင့် တန်ပြန် ပေါက်ကွဲသက်ရောက်မှုတွေ ဖြစ်ခဲ့ရတာလဲ။ ဖြေ - ပေါက်ကွဲမှုအကြောင်း ပြောရရင်တော့ အများကြီးပဲ။ စိတ်ထဲ မကျေနပ်မှု ဖြစ်လာဖို့ဆိုတာကလည်း အကြောင်းအရင်း အမျိုးမျိုးထဲက အကြောင်းအရာတွေက ကျွန်တော့် ရင်ဘတ်ထဲ တွန်းပို့ကြမယ် အနှောင့်အယှက်တွေ ပေးလာကြမယ်ဆိုရင် အနှောင့်အယှက်တွေ တဖြည်းတဖြည်းနဲ့ ရင်ထဲ စုလာမှာ အမှန်ပဲ။ ဒီလို ရင်ထဲလာစုနေတဲ့ အနှောင့်အယှက်တွေ ရင့်သန်လာပြီး မခံနိုင်တဲ့အဆုံးမှာ ပေါက်ကွဲတော့တာပါပဲ။ ဒါပေမဲ့ လူဆိုတဲ့ အသိနဲ့ အတတ်နိုင်ဆုံးတော့ ထိန်းထားတာပါပဲ။ အဲ ထိန်းရင်း ထိန်းရင်း လုံးဝထိန်းလို့ မရတော့တဲ့ အဆုံးမှာတော့ ပေါက်ကွဲစရာတွေ ဖြစ်ကုန်တော့တာပါပဲ။ မေး - ကိုဒိုးလုံး လွတ်လပ်စွာ ပေါက်ကွဲချင်တယ်။ လွတ်လပ်စွာလည်း ပေါက်ကွဲခဲ့တယ်။ အဲ့ဒီအပေါ်မှာ ပရိသတ်အမြင်က ဘယ်လိုရှိမလဲ။ နားလည်မှုရော မလွဲနိုင်ဘူးလား။ ဖြေ - နားလည်မှုလွဲတာ ရှိတာပေါ့ဗျာ။ အဲ့ဒီအတွက် ကျွန်တော် ကိုယ်တိုင်တော်တော်လေးခံစားရပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်ပေါက်ကွဲမှုတိုင်းဟာ ပရိသတ်ကို စော်ကားဖို့ ပေါက်ကွဲခဲ့တာတွေ မဟုတ်ဘူးလေ။ ပရိသတ်ကို စော်ကားချင်စိတ်မျိုးလည်း ဘယ်တော့မှ မရှိဘူး။ ပြီးတော့ ပရိသတ်ဆိုတာ ကျွန်တော်တို့ကို ထမင်းကျွေးထားတဲ့သူတွေ ဒီတော့ သူတို့အပေါ်မှာ ကျွန်တော့်အနေနဲ့ ဘယ်တော့မှ ပေါက်ကွဲမှာလည်း မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပြောပြချင်တာက ကျွန်တော့် ရင်ထဲမှာ ရှိတာကို ရိုးရိုးသားသား တင်ဆက်မိတယ်။ အဲ့ဒီအတွက် ကျွန်တော့်တင်ဆက်မှုမှာ အမှားတစ်စုံတစ်ရာပါသွားရင် နားလည်ပေးကြပါလို့ ပြောပါရစေ။ မေး -အခုချိန်မှာ ကိုဒိုးလုံးပေးချင်တဲ့ အော်တာနေးတစ်ပုံစံကိုရော စိတ်တိုင်းကျ တည်ဆောက်ခွင့်ရပြီလား ။ ဖြေ - ကျွန်တော် ပေးချင်တိုင်း ပေးလို့ မရသေးဘူး။ တချို့ကျွန်တော့်စီးရီးထဲက သီချင်းတွေဆို အော်တာနေးတစ် မဆန်တာတွေ ရှိသေးတယ်။ ဒါကလည်း ကျွန်တော့်ဆန္ဒ၊ ပရိသတ်ဆန္ဒ၊ထုတ်လုပ်သူ ဆန္ဒတွေကို ရောပြီး ချိန်ဆရတာလေ။ ဒီအတွက် ကျွန်တော့်ဘက်က အလျှော့ပေးလိုက်ရတာ အများကြီးရှိတယ်။ ဒါကလည်း ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်သီချင်းတွေကို ပရိသတ်လည်း နားထောက်လို့ရအောင် ထုတ်လုပ်သူလည်း သဘောကျအောင် ချင့်ချိန်ပြ်ီး ပေးဆပ်လိုက်ရတဲ့ သဘောပါပဲ။ မေး - ကိုဒိုးလုံးသာ စိတ်တိုင်းကျလုပ်ပြခွင့်ရမယ်ဆိုရင် အော်တာနေးတစ်ကို ဘယ်လိုပုံစံမျိုးတွေ လုပ်ပြချင်ပါသလဲ။ ဖြေ - ကျွန်တော်လုပ်ပြချင်တာတွေ အများကြီးရှိသလို စိတ်တိုင်းကျ တည်ဆောက်ချင်တာတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်တော်လုပ်ချင်သလို လုပ်ဖို့ဆိုတာ မလွယ်ဘူးဗျ။ ကျွန်တော့်ဆန္ဒတစ်ခုတည်းလည်း ကြည့်လို့မရဘူး ။ Limit ဆိုတာလည်းရှိသေးတယ်။ စည်းမျဉ်း စည်းကမ်းက အစ သတိထားရသေးတယ်။ ဒါသူ့ အယူအဆ ကိုယ့်အယူအဆပေါ့နော်။ ကျွန်တော်ကတော့ အယူသီးတာ မရှိပါဘူး။ မေး - ကိုဒိုးလုံး တွဲခေါ်သွားချင်တဲ့ ပန်းတိုင်ဆီကို အရောက်မလှမ်းနိုင်သေးတဲ့အခါကျတော့ ရင်ထဲမှာ မောပန်းမိတာမျိုး ဖြစ်လာမလား ။ ဖြေ - ကျွန်တော် လုပ်ပြချင်တာကို လုပ်ပြခွင့် မရခြင်းဟာ ကျွန်တော့် အနုပညာစွမ်းအားကို တော်တော်လေး ခြောက်သွေ့သွားစေပါတယ်။ ဒါ့အပြင် တခြားစိတ်ဖိစီးမှုတွေကြောင့်လည်း ကျွန်တော်မွေးဖွားထားတဲ့ အနုပညာကို ကုန်ခမ်းပျက်ပြယ်စေတာ အမှန်ပဲ။ စိတ်ကုန်ဖို့ ကောင်းတယ်လို့သာ ပြောလိုက်ချင်တယ်ဗျာ။ တော်တော်လေးလည်း စိတ်ကုန်နေပါပြီ။ မေး - မျိုးဆက်သစ်လူငယ်တွေအတွက် မှတ်ကျောက်တင်ထားရစ်ခဲ့ဖို့ အနုပညာအင်အားတွေကရော ကုန်ခမ်းလုလုထဲမှာ ပါသွားပြီလား။ ဖြေ - ရှိတယ်။ အဲဒီအင်အားကတော့ ကျွန်တော့်မှာ အပြည့်ရှိတယ်။ ကျွန်တော့် ပရိသတ်တွေအတွက် စီးရီးသစ် တစ်ခွေလောက်တော့ လုပ်ပေးချင်သေးတယ်။ ဒါပြီးရင် အပြင်စီးပွားရေး တစ်ခုခုလုပ်မလားလို့ စဉ်းစားနေတယ်။ အသေအချာတော့ ပြောလို့ မရသေးဘူးပေါ့နော်။ ကျေးဇူးပါပဲ ကိုဒိုးလုံး။ ဟုတ်ကဲ့ ခင်ဗျား။ # # # # # # # ရဲရင့်သွေး အပျိုမ မဂ္ဂဇင်း

Posted 1 year, 3 months ago

https://www.facebook.com/musiccrazyloudspeaker/photos/a.1407090972876833.1073741829.1406194469633150/1588416984744230/?type=3
View this post on Facebook
ကျောက်စာ

ကိုလေးကတီး.......ကိုမျိုးကြီးကဆို

ရန်ကုန် Unplugged Show တုန်းက 

Credit- #WeLoveIC

Posted 1 year, 3 months ago


View this post on Facebook
ဘဝမှာ ဖြူစင်လတ်ဆတ်စွာ တွေးခေါ်ပြီး အပူအပင် အကြောင့်အကြ မဲ့စွာ ရှင်သန် နေထိုင်ခဲ့တဲ့ အချိန်တချိန် ကတော့ လူတိုင်းမှာ ရှိခဲ့ဖူးကြ မှာပါ။ ရိုးသားနုနယ်ခြင်းများနဲ့ ပျိုမျစ်တဲ့ ငယ်စဉ်ဘဝလေး တခုဟာ ကာလ အတိုင်းအတာ တခု အထိသာ ရှိမှာ ဖြစ်ပြီး တဖြည်းဖြည်း ပျောက်ဆုံးဝေးကွာ သွားရစမြဲပါ။ အဲဒီ အပိုင်းအခြားလေးကို ငယ်စဉ်က ဖမ်းယူ နားဆင်ခဲ့တဲ့ ရေဒီယိုလေးနဲ့ ရေဒီယိုသီချင်းလေးတွေ အဖြစ် တင်စားဖွဲ့ဆိုပြီး သီချင်းတပုဒ် ရေးခဲ့ပါတယ်။ ကျနော်နဲ့ မောင်မောင်ဇော်လတ် နှစ်ယောက်တွဲပြီး ဖန်တီးရေးသားခဲ့တဲ့ (အသည်းကွဲရေဒီယို) အမည်ရ ကိုယ်ပိုင်သံစဉ် သီချင်း လေးပါပဲ။

ကျနော် ငယ်စဉ် ကျောင်းသားဘဝ သီချင်းနားထောင် တတ်စ အရွယ်မှာ စတင်ရင်းနှီး ထိတွေ့ ခွင့်ရပြီး ကြိုက်နှစ်သက် ခဲ့ရတာကတော့ ရေဒီယိုက လာတဲ့ အင်္ဂလိပ် သီချင်းတွေပါပဲ။ ကက်ဆက်တွေ ခေတ်မစား သေးခင်မှာ ကျနော့်ရဲ့ ဂီတ တံခါးဟာ အိမ်က ရေဒီယိုပါပဲ။ Born to be wild, Yellow river, Seasons in the sun, Heart of gold အစရှိတဲ့ သီချင်းတွေအပြင် Deep Purple ရဲ့  Black magic woman, C.C.R ရဲ့ Who’ll stop the rain, Beetles  ရဲ့ Hey Jude တို့လို သီချင်းတွေကို ရေဒီယိုလေးဖွင့်ပြီး အထပ်ထပ် အခါအခါ စောင့်မျှော် နားဆင်ခဲ့ပါတယ်။ B.B.S လို့ခေါ်တဲ့ မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ်က လွှင့်တဲ့ အဲဒီသီချင်း တွေဟာ ကျနော့်ရဲ့ ဂီတ နားမျက်စိကို စတင်ဖွင့်ပေးခဲ့ တယ်လို့ပဲ ပြောချင်ပါတယ်။

နံနက်ပိုင်း ကိုးနာရီ မထိုးခင်လာတဲ့ အစီအစဉ်၊ ညပိုင်း ကိုးနာရီခွဲကနေ ဆယ်နာရီ အထိ လာတဲ့ အစီအစဉ်တွေ၊ ဆယ်နာရီ နောက်ပိုင်းလာတဲ့ Easy Listening အဆုံး စနေနေ့ ညတွေမှာ လာတတ်တဲ့  Local talents အစီအစဉ်တွေ ပါမကျန် လက်မ လွတ်တမ်း နားထောင်တတ်ခဲ့ပါတယ်။

ကက်ဆက်တွေက တဆင့် ရုပ်မြင်သံကြားတွေ၊ ဗီဒီယိုတွေ အလွန်အမင်း ခေတ်စားလာတဲ့ အချိန်မှာတော့ ရေဒီယိုရဲ့ အခန်း ကဏ္ဍလေးဟာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ရပါတယ်။ ကျနော် ကိုယ်တိုင်လည်း ရေဒီယိုနဲ့ ဝေးကွာသွားခဲ့ရ သလို ရေဒီယို သီချင်းလေးတွေနဲ့လည်း အနေစိမ်းသွားခဲ့ရပါတယ်။ လောကထဲ ရုန်းကန် လှုပ်ရှားရတဲ့ အချိန် ရောက်လာတော့ ရိုးသားဖြူစင် လတ်ဆတ်လှတဲ့၊ ငယ်စဉ်က ဂီတ သင်ပုန်းကြီးဖတ်စာ ဖြစ်ခဲ့တဲ့ ခုနက ရေဒီယို သီချင်း လေးတွေနဲ့ ရေဒီယိုလေးကို ပြန်လည်တမ်းတ လွမ်းဆွတ် အမှတ်ရမိရင်း (အသည်းကွဲ ရေဒီယို) သီချင်းလေး ဖြစ်တည်ဖို့ အတွေးရခဲ့ပါတယ်။

သီချင်းရေး ဖြစ်တဲ့ အချိန်က ၁၉၉၂ ဝန်းကျင် ကာလပါပဲ။ တောင်ကြီးအိမ်က ကျနော့် အခန်းလေးက သီးသီးသန့်သန့် ရှိတာကြောင့် ဂီတ ဝါသနာပါတဲ့ မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူ အမြဲလာလေ့ ရှိပါတယ်။ အခန်းထဲမှာ စာဖတ်ရင် ဖတ်၊ သီချင်း နားထောင်ရင် နားထောင်၊ ဂစ်တာတီးရင် တီးနဲ့ပေါ့၊ ဇော်လတ်က စာလည်း အတော် ဖတ်သူပါ။ ကျနော့်မှာ ရှိတဲ့ စာအုပ်တွေ သူငှားဖတ်သလို သူ့မှာရှိတဲ့ စာအုပ်ကောင်း တွေလည်း ကျနော့်ကို မျှတတ်ပါတယ်။ သူယူလာပေးတဲ့ ဂျာမန်စာစုတွေ ဘာသာပြန်ထားတဲ့ ရှားပါးစာအုပ်ကြီးကို ကျနော် အခုထိ သတိရ နေပါသေးတယ်။

ထူးဆန်းတာ တခုက ဇော်လတ်နဲ့ အယ်ဖြူတို့ နှစ်ယောက်က Music အမျိုးအစားစုံကို စိတ်ဝင်တစား ရှိတာ ပါပဲ။ ဇော်လတ်က PoP သီချင်း ချိုချို လေးတွေနဲ့  Rock ဂီတကို ပိုအားသန်သလို အယ်ဖြူက  Blues နဲ့ Country နွှယ်တဲ့ သီချင်း ပုံစံကို ပိုကြိုက်တတ်ပါတယ် (အဲဒီတုန်းက Alternative ဂီတကို သူတို့မတွေ့ သေးပါ)။ ကျနော်နဲ့ ဇော်လတ်က “အသည်းကွဲရေဒီယို” မရေးခင် ရှေ့ပိုင်းမှာ POP သီချင်း ချိုချိုလေးတွေ နှစ်ပုဒ် သုံးပုဒ်လောက် အတူတွဲရေး ခဲ့ဖူးကြ ပါတယ်။

သူနဲ့ကျနော်က သီချင်းတွဲရေးရတာ တော်တော် အပေးအယူမျှတယ် လို့ပြောရမှာပါ။ ကျနော့် စကားလုံး အကြောင်း အရာတွေ သံစဉ်နဲ့ ထောင့်နေရင် သူကိုယ်တိုင် ကောင်းနိုးရာရာလေးတွေ ရွေးချယ်ပြီး ဝင်ဖြည့်တတ် သလို သူ့သံစဉ် ကို ကျနော့်စကားလုံး ထည့်လို့ရအောင် နည်းနည်းပြင်ချင်ရင်လည်း ချက်ချင်း ပြင်ပေးတတ်သူပါ။

သီချင်းတွဲရေးရင်း အရှိန်ကောင်းလာရင် အိမ်ကို ထမင်းပြန် မစားတော့လို့ သူ့မိခင်ကြီး ကျနော့်အိမ် အထိ တခါတလေ လိုက်ခေါ်ရပါတယ်။ ဂီတနဲ့ ပတ်သက်ရင် ထမင်းမေ့ ဟင်းမေ့ မောင်မောင်ဇော်လတ်ပါပဲ။

တနေ့ ကျနော့်ဆီ မောင်မောင်ဇော်လတ် တက်ကြွလန်းဆန်းစွာ ရောက်လာပါတယ်။ “ကိုညီနဲ့ ကျနော် POP သီချင်းတွေပဲ တွဲရေးလာတာ ဒီတခါ  Rock သီချင်းတပုဒ်လောက် အမှတ်တရ ကိုင်ကြရအောင်၊ ကျနော် ညက  Melody တခု ရှာထားတယ်” ဆိုပြီး ဂစ်တာနဲ့ တီးပြပါတယ်။

ကျနော်ကလည်း စောစောက တင်ပြခဲ့တဲ့ ရေဒီယိုနဲ့ ပတ်သက်တဲ့ အတွေးလေးကို သူ့ကို ပြောပြပြီး အဲဒီ အကြောင်း အရာလေး ရေးရင် ကောင်းမလားလို့ တိုင်ပင်တော့ သူက “ကိုညီ့ အိုင်ဒီယာမိုက်တယ်၊ ဆွဲမယ်” ဆိုပြီး စတင် ရေးဖွဲ့ခဲ့ ကြပါတယ်။

အသည်းကွဲရေဒီယို

V1        ဘဝနုပျိုစဉ် အချိန်ကာလများ ကွင်းပြင် ကျယ်တွေ ငါဟာ ဖြတ်သန်းရင်းကြားတယ်…ရေဒီယို သီချင်းလေးတပုဒ်ကို ။

V2        အလင်းရောင်တွေကို ချည်နှောင်တဲ့ကြိုး ကောင်းကင်ပြာဆီ တောင်ပံခတ်တုန်း ကြားတယ် ရေဒီယိုသီချင်းလေး တပုဒ်ကို ။

CHO: လမ်းတွေထက် ပူလောင်မြိုက်ရင်း “အားအင်အတွက် ဒီသီချင်းပဲ” ခုထိ အလွတ်ရနေတော့လည်း ရင်မှာ အသည်းကွဲ ရေဒီယိုသီချင်းလေး ရှိတယ်။

(ရေဒီယို … အသည်းကွဲ ရေဒီယို) ၃

V3        ကျောက်ဆောင်တွေလို ရင်ဆိုင်ကျင့်သုံး “ကမ်းခြေတွေမှာ ခြေရာကောက်တုန်း”ပျောက်ကွယ် ရေဒီယိုသီချင်းလေး တပုဒ်ရယ်။

V4        ပိုက်ကွန်တွေမှာ ဒဏ်ရာသင့်အမုန်း  ရပ်တည်နေချိန် ယိုင်လာတဲ့အဆုံး … ပျောက်ကွယ် ရေဒီယိုသီချင်းလေး တပုဒ်ရယ်။

CHO: အဆိပ်တွေနဲ့ ကိုယ်မျိုသိပ်ရင်း … မွန်းကျပ်သော မျှော်လင့်ခြင်းများ … တပိုင်း တစတော့ သတိရချင်လည်း ပြန်လည်တူးဆွ ရေဒီယို သီချင်းလေး မရှိတော့ အသည်းကွဲ ရေဒီယို…တမ်းတမိ အသည်းကွဲရေဒီယို၊ ပြေးကြည့်လိုက် အသည်းကွဲရေဒီယိုလေး – မရှိ … မရှိတော့ဘူး။

သီချင်း Verse ပထမ အပိုဒ်နဲ့ ဒုတိယ အပိုဒ် တို့မှာ ရေဒီယိုလေးနဲ့ ရေဒီယို သီချင်းလေးတွေဟာ ဂီတနားမျက်စိ အလင်းရောင်ကို ဖွင့်လှစ်ပေးခဲ့လို့ “အလင်းရောင်တွေကို ချည်နှောင်တဲ့ကြိုး” အဖြစ် တင်စားဖွဲ့ဆိုခဲ့ပြီး လွတ်လပ် ပေါ့ပါးမှုတွေနဲ့ ဖြတ်သန်းခဲ့တဲ့ ငယ်ဘဝလေးကို ကွင်းပြင်ကျယ်တွေ၊ ကောင်းကင်ပြာတွေ၊ တောင်ပံတွေနဲ့ နိမိတ်ပုံဖွဲ့ တင်စားခဲ့ပါတယ်။

CHO:1 မှတော့ လောကလမ်းတွေပေါ် ဖြတ်သန်းချိန် ပူပင်သောကတွေနဲ့ စတင်ထိတွေ့ချိန်မှာ လည်း အလွတ်ရနေတဲ့ ရေဒီယို သီချင်းလေးကို ညည်းဆိုရင်း အားတင်း ဖြတ်သန်းခဲ့ရပုံကို ဖွဲ့ဆို ထားပါတယ်။ Verse တတိယအပိုဒ်နဲ့ စတုတ္ထ အပိုဒ်တို့မှာ လောကထဲ အမှန်နဲ့ အမှား၊ အကောင်းနဲ့ အဆိုး ရှာဖွေတဲ့အရွယ် ရောက်လာပုံကို “ကမ်းခြေတွေမှာ ခြေရာကောက်တုန်း” လို့ရေးဖွဲ့ပြီး စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံ ဖြေရှင်းပုံကို “ကျောက်ဆောင်တွေလို ရင်ဆိုင်ကျင့်သုံး” ဆိုပြီး ရေးဖွဲ့ထားပါတယ်။ မာယာများနဲ့ ဖမ်းစားလှည့်ဖြားတတ်တဲ့ လောကကြီးရဲ့ ခါးသီးလှတဲ့ အချိုးအကွေ့ အတွေ့အကြုံကို “ပိုက်ကွန်တွေမှာ ဒဏ်ရာသင့် အမုန်း” ဆိုပြီး ရေးဖွဲ့ခဲ့ပါတယ်။

နောက်ဆုံး CHO:2 မှာတော့ အဆိပ်တွေနဲ့ တူတဲ့ ပျက်စီးခြစား ခေတ်စနစ်ကြီး အောက်မှာ မွန်းကျပ်စွာ ရှင်သန် နေထိုင် ရတဲ့ ကျနော်တို့ ဘဝတွေဟာ အရောင်အမျိုးမျိုး စွန်းပေခဲ့ရပြီး ရေဒီယို သီချင်းတွေ နားထောင်ခဲ့တဲ့ ငယ်စဉ် ကာလလို ဖြူစင် လတ်ဆတ် မှုမျိုး မရှိတော့တဲ့ အကြောင်း၊ ပြန်လည် သတိရ တမ်းတ အောက်မေ့လို့ တူးဆွ ရှာကြည့် ပေမယ့်လည်း ငယ်စဉ်ဘဝလေးဟာ ရေဒီယို သီချင်းလေး တွေနဲ့ အတူ ပျောက်ကွယ်သွားပြီ ဖြစ်တဲ့ အကြောင်း၊ ဒါကြောင့်လည်း လက်ရှိမှာ ကြေကွဲဝမ်းနည်း အသည်းကွဲ နေရတာ ရိုးသား ဖြူစင်တဲ့ သီချင်းလေး တွေကို ထုတ်လွှင့် ခဲ့တဲ့ ရေဒီယိုလေးပဲ ဖြစ်တဲ့အကြောင်း ရေးဖွဲ့ထားပါတယ်။

Hark Rock ဂီတဆန်တဲ့ အသည်းကွဲရေဒီယို သီချင်းကို အဆိုတော်ကြီး ကိုညီထွဋ် (ဇော်ဝင်းထွဋ်) က သူ့ရဲ့ “နေရာသစ်” တေး Album ထဲမှာ ထည့်သွင်း သီဆိုခဲ့ပါတယ်။ သီချင်းခွေရဲ့ ပထမဆုံး အဖွင့်သီချင်းဖြစ်ခဲ့ပြီး အဆို သမ္ဘာရင့်တဲ့ ကိုညီထွဋ်ရဲ့ ပါးနပ်တဲ့ ဆိုဟန်ကိုလည်း တွေ့ရမှာပါ။  Emperor Band ရဲ့  Arrangement ကလည်း သီချင်းရဲ့ Composition ကို ပီပြင် ရုပ်လုံးကြွ စေခဲ့ပါတယ်။ သီချင်းအစမှာ ရေဒီယိုသံတွေ ထည့်ထား တာက အစ ရေဒီယို.. ရေဒီယို ဆိုပြီး အော်သံမျိုးတွေ သုံးထားတာ အဆုံး Band ရဲ့ Idea ကောင်းမွန်မှုကို တွေ့ရပါတယ်။ အထူးသဖြင့် Emperor ကိုဇော်မျိုးထွဋ်ရဲ့ ထူးခြားလှပ သေသပ်လှတဲ့ ဂစ်တာ Riff တွေနဲ့ Solo scale တွေကို “အသည်းကွဲ ရေဒီယို” သီချင်းမှာ တွေ့ရမှာပါ။

ဘာပဲဖြစ်ဖြစ် အနိုင်ကျင့် စိုးမိုးမှုတွေ အောက်မှာ မွန်းကျပ်ပင်ပန်းမှုတွေနဲ့ ကြုံလာတဲ့ အခါတိုင်း ငယ်စဉ်က နားထောင်ခဲ့တဲ့ ရေဒီယိုသီချင်းလေးတွေကို ရေဒီယိုလေးနဲ့ တခါလောက် ကျနော် ပြန်နားထောင်ခွင့် ရချင်ပါ သေးတယ်။  

Credit-#irrawaddy

Posted 1 year, 3 months ago

https://www.facebook.com/483035415087265/photos/a.483061321751341.112139.483035415087265/966125056778296/?type=3
View this post on Facebook
ချင်း ပြည် နယ် ရောက် ရှိ နေတဲ့ ဦးလေး ဖြူ

Posted 1 year, 3 months ago

https://www.facebook.com/483035415087265/photos/a.483061321751341.112139.483035415087265/965737363483732/?type=3
View this post on Facebook
Iron Cross ဟုခေါ်ပါသည်၊

မြန်မာ့သမိုင်းမှာ ရံပုံငွေအများဆုံး ကျပ် (၁၉,၅၈၈)သိန်းထိ ရရှိခဲ့သည့် ရေဘေးသင့်ပြည်သူများပြန်လည်ထူထောင်ရေး ရံပုံငွေဂီတဖျော်ဖြေပွဲ

Posted 1 year, 3 months ago

https://www.facebook.com/weloveironcross/photos/a.821382637975437.1073741844.742381259208909/821385941308440/?type=3
View this post on Facebook

လင်းလင်းရဲ့ စတုတ္တတော်လှန်ရေး ------- မောနင်းစတားလက်ဖက်ရည်ဆိုင်ထဲကထွက်လာတော့ ညနေ ၄-၅နာရီရှိပြီ။ ရန်ကုန်မြို့ထဲမှာ ကားတွေမွစိထိုး။ ကားမောင်းသူက လင်းလင်း။ သူ့ဘေးက ကျွန်တော်။ နောက်မှာ ဂစ်တာတလက်ကို ကလိနေတာက ကိုမိချောလေး။ လင်းလင်းက သူ့အခွေသစ်ကို ဖွင့်ပြဖို့ တက်ကြွနေတယ်။ အခွေက အကြမ်းပဲရှိသေးတာ။ mixdown မဆွဲရသေးဘူး။ ပထမဆုံးသီချင်းက ခပ်သွက်သွက်ရော့ခ်တပုဒ်။ ခပ်ကြမ်းကြမ်းစာသားတွေနဲ့အတူ ဂစ်တာသံတွေက ကောင်းလှတယ်။ အားမာန်အပြည့်နဲ့။ ရော့ခ်ဟစ်တိုင်လို့အမည်ရတယ်။ သီချင်းဖွဲ့စည်းပုံက ကျစ်လစ်တယ်။ Dream Theater တို့ရဲ့သြဇာမကင်းဘူး။ သီချင်းရဲ့နောက်ဆုံးအပိုဒ်က "ဝဲစွဲတဲ့စိတ်ဓါတ်နဲ့ ဦးနှောက်ဖောက်မစားနဲ့" ဆိုတဲ့စာသားကိုကြားလိုက်တော့ လက်ဖက်ရည်ဆိုင်မှာပြောခဲ့ကြတဲ့ ဆွေးနွေးခဲ့ကြတဲ့ မူပိုင်ခွင့်အကြောင်းတွေကို သတိရတယ်။ လင်းလင်းက မူပိုင်ခွင့်ဥပဒေကို အားမလိုအားမရ။ သူရေးခဲ့တဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေ မောင်ပိုင်အစီးခံရလို့ တင်းနေတာကိုး။ သီချင်းက အဖွင့်သီချင်းပီသတယ်။ နောက်ထပ်ထူးခြားတာကတော့ Progressive Metal တို့အထာလို့ပဲပြောရမလားမသိဘူး။ သီချင်းက အတော်လေးရှည်လျားပါတယ။ ဒါပေမယ့် အပြင်းစားအယ်လ်ဘန်တချပ်ကိုနားထောင်ရတော့မယ်ဆိုတာကို ခင်များကို သတိပေးလိုက်တဲ့ သီချင်းကောင်းဖြစ်ပါတယ်။ သန်းခြောက်ဆယ်အိပ်မက်လို့အမည်ရတဲ့သီချင်းမှာ လင်းလင်းဟာ သူ့ဒေါသတွေကို သူဖြေတဲ့တရားတွေကို တဲ့တဲ့ရေးသားထားတယ်။ ဒရမ်သံလေးတွေကို သေသေချာချာလေး နားထောင်စေချင်ပါတယ်။ အတော့ကို အသေးစိပ်တီးခတ်ထားတာမို့ပါ။ နွေပီသတဲ့မြို့ကတော့ (ကျွန်တော်အမှတ်မမှားရင်) လင်းလင်းတယောက်တည်း အကုန်လုံးတီးထားတာပါ။ သံစဉ်ဟာ အတော့ကိုစွဲမက်ဖွယ်ရာကောင်းလှတယ်။ စိတ်ကူးစိတ်သန်းလှတယ်။ အနည်းဆုံး ၂-၃ ခေါက်နားထောင်ချင်ကြမှာပါ။ မေတာပို့ခြင်း သီချင်းကိုနားထောင်တဲ့အချိန်မှာ ကျွန်တော်တို့ မက်တယ်ဇုံစတူဒီယိုထဲရောက်နေကြပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီသီချင်းနားမထောင်ခင်လေးမှာ ကြံ့ဖွတ်ကလူကြီးတယောက် စင်ကာပူဆေးရုံမှာ Coma ရတဲ့သတင်းကြားရတယ်။ တိုက်ဆိုင်တာပါပဲ။ မျက်လုံးတွေပိတ်၊ နားတွေပိတ်အစချီတဲ့ သီချင်းရဲ့သံပြိုင်အပိုဒ်ဟာ လင်းလင်းမလုပ်ဖူးသေးတဲ့ ဂီတခပ်ကြမ်းကြမ်းတွေပေါ့။ မိုးကြိုးမကြောက်တဲ့ အမိန့်တို့အတွက် ငရဲကြီးရှစ်ထပ်ဝေးပါစေ ဆိုတဲ့စာသားကတော့ ထူးခြားပြီး စင်မြင့်ဖျော်ဖြေပွဲတွေမှာ ပရိတ်သတ်လိုက်ဆိုလို့ရတဲ့ စာသားမျိုးဖြစ်ပါတယ်။ အခြားမဖြစ်မနေနားထောင်သင့်တဲ့သီချင်းကတော့ အဖေနဲ့အမေနေတဲ့အိမ် ဖြစ်ပါတယ်။ အကူးစတစ်ဂစ်တာသံလွင်လွင်လေးဦးဆောင်ထားတဲ့ မိဘအိမ်ပြန်ချင်တဲ့လူငယ်တယောက်ရဲ့အကြောင်းဖြစ်ပါတယ်။ ဒရမ်ကာလာလေး အတော်လှတယ်။ မျက်စိစုံမှိတ်ပြီး သူ့နေရာကခံစားကြည့်ရင် ဒရမ်သံတွေကို ဒရမ်သံလို့မမြင်မိတော့ပဲ အိပ်မက်ထဲမှာ ပြန်ကြားမိတဲ့ ကိုယ့်ရဲ့ခြေသံတွေလိုပဲ။ အဖေ၊ အမေတို့နဲ့အဝေးမှာ အိမ်ကိုလွမ်းတဲ့သူတွေရဲ့အကြိုက်သီချင်းတပုဒ်ဖြစ်ပါလိမ့်မယ်။ ဂစ်တာဆိုလိုလေးဟာလဲ အတော့ကို ချစ်ဖွယ်ကောင်းပါတယ်။ ကျွန်တော်နဲ့ အိမ်ရှေ့ကဂစ်တာသမား သီချင်းကိုတော့ ရုတ်တရက်နားလည်ချင်မှလည်လိမ့်မယ်။ နောက်ခံဇာတ်လမ်းလေး သိရင်ပိုကောင်းပါလိမ့်မယ်။ လင်းလင်းအရင်တုန်းကနေဖူးတဲ့အိမ်ရှေ့က လက်ဖက်ရည်ဆိုင်က စားပွဲထိုးချာတိတ်ကလေးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ သူက လမ်းထဲက ဆေးကျောင်းသူမမတယော်ကို ကြိုက်တာ။ အလုပ်ပြီးရင် ဂစ်တာဆွဲပြီး ကောင်မလေးအိမ်ရှေ့မှာ ဂစ်တာနဲ့ဟစ်ပြီးသီချင်းဆိုတယ်။ ကောင်မလေးက သူ့ကိုချစ်နေမှန်းတောင်မသိဘူး။ ကောင်လေးက အစစအရာရာချို့တဲ့တယ်လေ။ အဲဒီအကြောင်းရေးထားတာပါ။ ခွေးဇာတ်ခင်းတဲ့သီချင်းကတော့ စာသားခပ်ကြမ်းကြမ်း၊ သီချင်းဖွဲ့စည်းမှုကျစ်လစ်တဲ့ နောက်တပုဒ်ဖြစ်ပါတယ်။ သီချင်းစာသားကို သေသေချာချာနားထောင်ကြည့်ရင် တရုတ်နိုင်ငံ တိန့်ယမ်မင်းအရေးအခင်းမှာ တင့်ကားကြီးတွေရှေ့မှာ တကိုယ်တော်ဆန်ဒထုတ်ဖေါ်နေတဲ့ရဲရဲတောက်ပြည်သူတယောက်ကို မျက်စိထဲမြင်မိလေမလားပဲ။ အခွေရဲ့နောက်ဆုံးပိတ်ကိုတော့ သစ်ပင်စိုက်ပါလို့အမည်ရတဲ့သီချင်းလေး နားဆင်ရမှာပါ။ သီချင်းသိပ်မရေးတော့တဲ့ မောင်မောင်ဇော်လတ်ရဲ့လက်ရာဖြစ်ပါတယ်။ သီချင်းဟာ ရိုးရှင်းလှတယ်။ ဒါပေမယ့် အတွေးတွေက တမျှော်တခေါ်ဖြစ်သွားနိုင်တယ်။ စာသားလေးကို သံစဉ်မပါပဲ ဖတ်ကြည့်ရင် ကဗျာတပုဒ်မဟုတ်ဘူးလို့ ငြင်းရအတော်ခက်ပါလိမ့်မယ်။ Dream Lover တီးဝိုင်းနဲ့လင်းလင်းဟာအတော်လေး အစပ်အဟတ်တဲ့လှတယ်။ အားသွန်ခွန်စိုက် ဖန်တီးထားမှုတွေဟာ မမြင်ချင်မှအဆုံးပါပဲ။ ကြိုါ်စားအားထုတ်မှုတွေက အသိအမှတ်ပြုကြရမယ်။ အချစ်သီချင်းတွေကိုပဲ ပိုက်ဆံရတဲ့တိုင်းပြည်ကြီးထဲမှာ အရဲစွန့်ပြီး အချစ်မဟုတ်တဲ့ အတွေးအခေါ်အယူအဆတွေကို ရဲရဲကြီးချပြခဲ့တယ်။ သီချင်းရေးဆရာ နေဝါရဲ့လက်ရာတပုဒ်ကိုလဲ ပွဲထုတ်ထားတယ်။ လတ်ဆတ်မှုအပြည့်နဲ့ လင်းလင်းရဲ့စတုတ္တတော်လှန်ရေးဟာ ခင်များမှာ မရှိမဖြစ်တဲ့အခွေတခွေဖြစ်ပါတယ်။ Credit ~~ကိုဝီ[ Scorpion Soup For Soul]

Posted 1 year, 4 months ago

https://www.facebook.com/MusicCrazyTeTe/photos/a.642098745921529.1073741826.639777649486972/699088653555871/?type=3
View this post on Facebook

100% Rock ခွေတစ်ခွေ သို့မဟုတ် 4th Revolution ================================================== ပြီးခဲ့တဲ့အမှန်တရားဆိုတဲ့ခွေထွက်ခဲ့တုန်းက ဝေဖန်ရေးဆရာတစ်ယောက်ရေးတာလေးသဘောကျပါတယ်အဲ့ဒီမှာသီချင်းတွေအားလုံးအကြောင်းရေးပြီးဘာရေးသလဲဆိုတော့လင်းလင်းကအောင်မြင်ပြီးသာစာမေးပွဲတစ်ခုကိုအထပ်ထပ်အခါခါဂျွမ်းထိုးပြီးပြန်ဖြေနေတာမျိုးမဟုတ်ပါဘူးတဲ့သဘောကတော့.......... ==================================================== ပုံမှန်အားဖြင့်တော့ဂီတအညွှန်းစာမျက်နှာကဂီတလောကထဲထွက်တဲ့ခွေတွေထဲက ထူးခြားတဲ့ခွေတွေကို ညွှန်းပေးဖို့ရည်ရွယ်ထားတဲ့စာမျက်နှာဖြစ်ပါတယ် ။ဒါပေမယ့်ကျွန်တော်တို့အဒ်မင်တွေအားနည်းချက် ကြောင့်ဒီအစဉ်အစဉ်ကို သေချာမလုပ်နိုင်ခဲ့ပါဘူး။ အခုတော့ ခင်ဗျားတို့နဲ့အတူဆွေးနွေးချင်လွန်းတဲ့ ခွေတစ်ခွေထွက်လာတာကြောင့် ဒီပို့ကိုမဖြစ်မနေရေးတင်လိုက်ပါတယ် ။ ဒီပေ့ခ်ျက ပရိတ်သတ်တွေထဲမှာ လင်းလင်းပရိတ်သတ်တွေရှိနေတယ်ဆိုရှိုနေတယ်ဆိုရင် ဒီပို့စ်က ခင်ဗျားတို့အတွက်ရည်ရွယ်ပါတယ်။တကယ်လို့လင်းလင်းကို သိပ်အကြိုက်ကြီးရယ်လို့ မဟုတ်တဲ့သူတွေ အတွက်လည်း ဒီပိုစ့်မှာခင်ဗျားတို့နားထောင်သင့်တဲ့ခွေအကြောင်းပြောတာမျိုးဖြစ်ပါလိမ့်မယ်။ မေးခွန်းတချို့ရှိပါတယ်။လတ်တလောထွက်ထားတဲ့ဒိတ်ဒိတ်ကြဲဆိုတဲ့ Rock ခွေတွေဘယ်နှခွေလောက်နားထောင်ထားပြီး အဲ့ဒီခွေတွေမှာ ခင်ဗျားတို့ ဘယ်လောက်ကျေနပ်မှူရှိပါသလဲ ။နှစ်ကာလအကြာကြီးစောင့်ပြီး ထွက်လာတဲ့ Rock ခွေတချို့မှာခင်ဗျားတို့မျှော်လင့်သလောက်ရထားတယ်လို့ခံစားရပါသလား ???အမြင်ချင်းတူချင်မှတူပါလိမ့်မယ် ကျွန်တော်တို့အနေနဲ့ အခုထွက်တဲ့ လင်းလင်း ရဲ့စတုတ္ထမြောက်ခွေကို ရာနှူန်းပြည့်အမှတ်ပေးပါတယ် ။ သူအခုလုပ်တဲ့သီချင်းတွေအတွက်Rockပရိသတ်အနေနဲ့ရာနှူန်းပြည့်ကျေနပ်မှူရှိပါတယ်။မြင်သာအောင်ပြောရရင်ရှေ့ပိုင်းမှာထွက်ခဲ့တဲ့အိုင်စီနှစ်ခွေထက်ကိုပိုပြီးကျေနပ်မှူရှိပါတယ်။ဒီလိုပြောတဲ့အတွက်ကျွန်တော်တို့အိုင်စီရဲ့ပရိတ်သတ်မဟုတ်တဲ့လူတွေလို့ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။မဟုတ်ပါဘူး။ကျွန်တော်တို့Rockတွေ၊အထူးသဖြင့်ဖန်တီးမှူအားကောင်းတဲ့၊အသစ်ဖြစ်တဲ့ ၊ပရိသတ်နဲ့ချိန်သားကိုက်ဖြစ်တဲ့Rockတွေကိုအားပေးတာမျိုးဖြစ်ပါတယ်။ လင်းလင်းရဲ့စတုတ္တမြောက်တော်လှန်ရေးနဲ့ပတ်သတ်ပြီး ပြောပြမယ့်သီချင်းတချို့ရွေးထားပါတယ်။ပြီးခဲ့တဲ့အမှန်တရားဆိုတဲ့ခွေထွက်ခဲ့တုန်းက ဝေဖန်ရေးဆရာတစ်ယောက်ရေးတာလေးသဘောကျပါတယ်အဲ့ဒီမှာသီချင်းတွေအားလုံးအကြောင်းရေးပြီးဘာရေးသလဲဆိုတော့လင်းလင်းကအောင်မြင်ပြီးသာစာမေးပွဲတစ်ခုကိုအထပ်ထပ်အခါခါဂျွမ်းထိုးပြီးပြန်ဖြေပြနေတာမျိုးမဟုတ်ပါဘူးတဲ့သဘောကတော့သူ့ဆီကထပ်ထွက်လာတဲ့ခွေတိုင်းက တစ်ခွေနဲ့တစ်ခွေမတူတဲ့ အပြောင်းအလဲအကြီးကြီးတွေလုပ်ပြစ်တာမျိုး ၊ အသစ်တွေထုတ်ထုတ်ပြတာမျိုးကို သူရည်ညွှန်းဟန်တူပါတယ် ။ ဟုတ်ပါတယ် ။ ဒီခွေကိုလည်းသူ လုပ်နေကျပုံစံတွေ သူပြောနေကျ အကြောင်းအရာတွေကနေ လုံးလုံးခွဲထုတ်ပြစ်လိုက်ပါတယ် ။တိုင်းပြည်မှာဖြစ်နေတဲ့ မမျှမတမှူတွေ ၊ နိုင့်ထက်စီးနင်းမှူတွေ မရှက်တတ်တဲ့လူတွေ အကြောင်းကို သီချင်းတွေကနေ ဖေါက်ခွဲပြထားပါတယ် ။4th Revolution တဲ့။ ဒီခွေမှာသိပ်ကြမ်းပြီး သိပ်မိုက်ပါတယ်ဆိုတဲ့ သီချင်းတချို့အကြောင်းပဲပြောပါမယ်။ပထမဆုံး Rock ဟစ်တိုင်ဆိုတဲ့သီချင်း။စဖွင့်ဖွင့်ချင်းဒီသီချင်းကို 2nd Verse ရောက်တာနဲ့ သိပ်မိုက်တဲ့ Rockအကြမ်းစားတစ်ပုဒ်နားထောင်ရပြီဆိုတဲ့ Feel မျိုးခံစားရပါတယ် ။ Drum roll တွေလှိမ့်တက်လာပြီး Tempo အတက်ကြမ်းပါတယ် ။ ပြီးခါနီးထိ Drum Stroke တွေ ၊ Guitar Riff တွေ Crash တွေနဲ့ ၀ုန်းထားပါတယ် ။စာသားတွေကတော့ ခင်ဗျားတို့ Music နဲ့တွဲပြီးနားထောင်မိရင်ပိုကြိုက်ပါလိမ့်မယ်။ နောက်ဒုတိယတစ်ပုဒ်သန်းခြောက်ဆယ်အိပ်မက်။ခွေမထွက်ခင်သီချင်းနာမည်တွေသူထုတ်ပြကတည်းကနားထောင်ချင်မိတဲ့သီချင်းပါ။ ရှင်းပါတယ်။တစ်တိုင်းပြည်လုံးက ပြည်သူတွေအလိုချင်ဆုံးအိပ်မက်တစ်ခုကို မသွယ်မ၀ိုက်ပဲဖွင့်ထုတ်ပါတယ်။ ဒဲ့ဆော်ပါတယ် ။ တော်တော်လည်းကြမ်းပါတယ် ။ “လူလည်ခေါင်မှာချီးထွက်ကျသလိုမွေသန္ဒေကယုတ်တော့…မျောက်အိုကြီးကိုကတုံးတုံးထားသလိုပေါ”့….တဲ့တော်ရုံနာကျည်းမှူတွေနဲ့တော့ ဒီလိုစာသားမျိုးတွေမထွက်ပါဘူး ။အထူးသဖြင့်အဖွဲ့အနွဲ့ကောင်းတဲ့ဒီလိုတေးရေးသမားတစ်ယောက်ကဒီသီချင်းမှာတော့လိုအပ်တဲ့စကားလုံးကိုတမင်မသွယ်မ၀ိုက်တော့ပဲသုံးသွားတယ်လို့မြင်ပါတယ်။ ဒီသီချင်းလည်းစာသားတွေနဲ့အပြိုင်Musicကြမ်းပါတယ်။အိမ်မှာဒီခွေကိုခပ်ကျယ်ကျယ်ဖွင့်ပြီးနားထောင်မိတော့ အိမ်ကမိန်းမက အသံလျော့ဖို့တောင်းဆိုခံရပါတယ် ။အထူးသဖြင့် တစ်ပုဒ်လုံးစိပ်နေအောင်တီးထားတဲ့Drum တွေက ရှေ့ကအကြမ်းတစ်ပုဒ်နဲ့ဆက်ပြီးကြားရတဲ့ အချိန်မှာတော်တော်လေးပင်ပန်းပါတယ်။တတိယအပုဒ်မှာတော့ပြန်ချော့ပါတယ်။နွေပီသတဲ့မြို့တဲ့Indiaဂီတတူရိယာတွေနဲ့အဲ့ဒီCultureပါတဲ့ခပ်အေးအေးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။Soloမှာတီးတဲ့အလုံးလေးတွေနားထောင်ရတာငြိမ်းချမ်းပါတယ် ။ …………………………ဆက်ရန်…………………… Michaw Lay Maung Maung Zaw Latt Htwe Lynn Ko

Posted 1 year, 4 months ago

https://www.facebook.com/MyanmarMusicReview/photos/a.345337312268464.1073741830.339372326198296/667432433392282/?type=3
View this post on Facebook

"စတုတ္ထတော်လှန်ရေးကို စတင်လိုက်တဲ့ လင်းလင်းနဲ့ တွေ့ဆုံခြင်း" လင်းလင်းရဲ့ စတုတ္ထစီးရီးသစ်ထွက်လာပါပြီ။ ဒီ ၄ ခွေမြောက်စီးရီးကို လင်းလင်းက စတုတ္ထတော်လှန်ရေးလို့ အမည်ပေးထားတာကြောင့် ဒီစီးရီးထဲမှာပါဝင်တဲ့ သီချင်းတွေကို စိတ်ဝင်စားမိပါတယ်။ အချိန်နှစ်နှစ်ကျော်ကြာပြင်ဆင်ထားတဲ့ ဒီစတုတ္ထတော်လှန်ရေးစီးရီးဟာ ဘာတွေထူးခြားနေမလဲ၊ စီးရီးထွက်ရှိမယ့်ရက် သြဂုတ် ၈ ရက်နေ့မှာ ရန်ကုန်မှာရှိမနေမယ့် လင်းလင်း ဒီရက်ပိုင်း ဘာ တွေအလုပ် ရှုပ်နေ မလဲဆိုတာကို လင်းလင်းနဲ့ တွေ့ဆုံမေးမြန်းဖြစ်သမျှ ဖော်ပြလိုက်ပါတယ်။ သံမဏိလိပ်ပြာနောက်ပိုင်း နှစ်နှစ်ကြာ အချိန်ယူပြင်ဆင်ခဲ့ရတဲ့ ဒီလေးခွေမြောက်စီးရီးသစ်မှာ ထူးခြားချက်တွေ ဘာတွေပါနေမလဲ။ ဒီလေးခွေမြောက်မှာတော့ ကျွန်တော့်ရဲ့အမြင်၊ ခံစားမှုတွေကို အနုပညာနဲ့ပေါင်းစပ်ထားတာ များတယ်။ အချစ်သီချင်းကတော့ တစ် ပုဒ် ပဲပါတယ်။ အဲဒါက တေးရေးအသစ် နေဝါရဲ့သီချင်း။ အချစ် သီချင်းမပါလို့ဆိုပြီး ကျွန်တော့်အတွက် ရေးပေးလာတယ်။ အစ က နောက် အခွေမှာထည့်ဖို့။ ဒါပေမဲ့ ဝိုင်းသားတွေကလည်း အချစ်သီချင်းတစ်ပုဒ်လောက်တော့ ထည့်ဖို့ပြောတာနဲ့ ပါဖြစ်သွားတယ်။ ပြီးတော့ ကိုမောင်မောင်ဇော်လတ်သီချင်းတွေပါမယ်။ ဘယ်အပုဒ်လဲတော့ ဖွင့်မပြောချင်ဘူး။ ကိုဇော်လတ်နဲ့ လုပ်ထားတာက သီချင်းတစ် ပုဒ်စီ အပြင် ပေါင်းလုပ်ကြတာတွေလည်း ပါတယ်။ ပရိသတ်တွေနားထောင်ပြီး ဒါက ကိုဇော်လတ်၊ ဒါက လင်းလင်းဆိုပြီး တွေးဖို့၊ ခန့်မှန်းပြီး ရင်ခုန်ဖို့ပေါ့။ တချို့အပုဒ်တွေကျ တစ်ယောက်တည်း နာမည်တပ်လို့ မရတာပါတယ်။ ကျွန်တော့်သီချင်းကို ကိုဇော်လတ် ပြန် edit လုပ် ထားတာမျိုးတွေလည်း ပါတယ်။ စတုတ္ထတော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်ပေးထားပေမယ့် ဒီခေါင်းစဉ်နဲ့ သီချင်းမပါတာတွေ့ရတယ်။ ဒီခေါင်းစဉ်ကို ရွေးဖြစ်သွားပုံလည်း သိ ချင်ပါတယ်။ အစကတော့ သီချင်းတစ်ပုဒ် ခေါင်းစဉ်ယူပေးဖို့ပဲ။ ဒါပေမဲ့ သေချာစဉ်းစားပြီး ဒီအခွေမှာ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်လုပ်သမျှ အခွေတွေမှာ အမှတ်တရအဖြစ်ဆုံး၊ အပင်ပန်းဆုံးဖြစ်တယ်။ ကျွန်တော်တစ်ယောက်တည်းအပြင် အင်ဂျင်နီယာကအစ တော်တော် ပင် ပန်းတယ်။ စတူဒီယိုမှာ နေ့တိုင်းနေပြီး ၂၄ နာရီအလုပ်လုပ်ဖြစ်တဲ့ အခွေလို့တောင် ပြောလို့ရတယ်။ ဒီအခွေက ကျွန်တော့်အတွက် မှတ် တိုင်တစ်ခု ဖြစ်မယ်လို့ထင်ထားတယ်။ ဒါက ကျွန်တော့်ရဲ့ လေးခွေမြောက်ဖြစ် သလို ရှေ့ခွေတွေ အတိုင်း မျှော် လင့်လို့ မရတဲ့ အခွေဖြစ်တယ်။ ပြီးတော့ သီချင်းအဆူတွေများမယ်။ ကျွန်တော်ဆိုတဲ့ပုံစံလည်း ပြောင်းသွားတယ်။ သိပ်မစဉ်းစားဘဲ ပွင့်ပွင့်လင်းလင်း ဆို ထားတာတွေများတယ်။ အကြောင်းအရာကအစ အပြောင်း အလဲတော်တော်များတယ်။ ဒီလို အားလုံးပြောင်းလဲထားတဲ့အတွက် ဒါဟာ Revolution တစ်ခုအနေနဲ့ ခေါင်းစဉ်အောက်ထဲရောက်နေတော့ ဒါကို 4th revolution (စတုတ္ထတော်လှန်ရေး) ဆိုပြီး ထွက်လိုက်တာ။ ဒါပေမဲ့ ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး အဲဒီထက်ပိုတဲ့အကြောင်းအရာတွေ ကျွန်တော့်ရင်ထဲမှာတော့ အများကြီးရှိ တယ်။ လေးခွေမြော က်ကြောင့် ဒီနာမည်ပေးဖြစ်တယ်ဆိုတာထက် ပို တဲ့အဓိပ္ပာယ်တွေတော့ ကျွန်တော့်ရင်ထဲမှာ အများကြီးရှိတယ်။ ဒါပေမဲ့ ဒါတွေကိုတော့ တစ်ခုချင်းရှင်းပြမနေတော့ဘဲသီချင်းတွေနား ထောင်ရင်းနဲ့မှပရိသတ်ကိုခံစားစေချင်ပါတယ်။ နောက်ပိုင်းမှာ လင်းလင်းကို နိုင်ငံရေးနယ်ပယ်မှာလည်း ပို တွေ့လာရတယ်။ အခုဒီအခွေမှာလည်း “စတုတ္ထတော်လှန်ရေး” ဆိုတော့ ခေါ င်းစဉ်နဲ့တင် ဒီအခွေမှာ နိုင်ငံ ရေးဆက်နွှယ်တဲ့သီချင်းမျိုးတွေများမယ်လို့ တွေးမိပါတယ်။ ဒီခေါင်းစဉ်အောက်မှာပါနေတဲ့ သီ ချင်းတွေ က နိုင်ငံ့အရေးနဲ့ဆက်စပ်တဲ့အကြောင်းအရာတွေ ပါဦးမလား။ နိုင်ငံရေးနွှယ်တဲ့ သီချင်းတွေပါဦးမလားဆိုတော့ ကျွန်တော်တစ်ယောက်တည်းရဲ့ ခံစားချက်အရပြောရမယ်ဆိုရင် တိုင်းပြည် တစ်ပြည်ရဲ့ အနုပညာသမားတွေဟာ နိုင်ငံရေးနဲ့ကင်းလို့ကိုမရဘူး။ အဲဒီ နိုင်ငံရဲ့ ပြည်သူပြည်သားတွေရဲ့ အားပေးထောက်ခံမှုနဲ့ ထမင်းစားပြီးတော့ ရပ်တည်နေရတာ။ ပရိသတ်ဆိုတာလည်း အဲဒီနိုင်ငံရဲ့ ပြည်သူပြည်သားနဲ့ အတူတူပဲ။ အတူတူပဲဆိုတော့ သူတို့နဲ့ ပတ်သက်ပြီးတော့ ခံစားရတဲ့ခံစားမှု တွေ၊ ဘေးကျပ်နံကျပ်ဖြစ်မှုတွေ၊ ဒုက္ခရောက်မှုတွေ၊ လိုအပ်ချက်တွေ အားလုံးဟာ ဒီအနုပညာသမားတွေက ခံ စားနိုင် ရမယ်။ ခံစားတာအပြင် သူ တတ်တဲ့အနုပညာနဲ့လည်း အကျိုးပြုတဲ့ အကြောင်းအရာတွေနဲ့ ဒီ ပရိသတ်အပေါ် ပေးဆပ် သင့် တယ်။ ပေး ဆပ်ရမယ်လို့ ခံယူတယ်။ ပရိသတ်ရဲ့ အားပေးထောက်ခံမှုနဲ့ အနု ပညာနယ်ပယ်တစ်နေရာမှာ ရပ် တည်ပြီးတော့မှ ဒီချစ်ကြိုက် ကွဲ ညားတွေထဲမှာပဲ နစ်ပြီးတော့ ရပ်တည်နေမယ်ဆိုရင်တော့ ပရိသတ်ကို မျက်ရည်ချူပြီးလိမ်စားတာပဲလို့ပဲ ကျွန်တော့်တစ်ယောက်တည်း အမြင်နဲ့မြင်တယ်။ ဒါတွေရေးတာလည်း ဟုတ်တယ်။ ဒါပေမဲ့ အခြားတစ်ဖက်ကလည်း ကိုယ်တတ်ထားတဲ့ အနုပညာနဲ့ ပြည်သူအပေါ်၊ ပရိသတ်အပေါ် အနည်းနဲ့အများတော့ အလုပ်အကျွေးပြုမှုနှုန်းပါရမယ်။ ဒီ ခံယူချက်အတိုင်းပဲ ဒီဂီတလမ်းကြောင်းမှာလျှောက်တယ်။ အဲဒီ မှာ ရင်ဘတ်တူတဲ့သူတွေနဲ့ ရှေ့ဆက်မယ်။ ရင်ဘတ်မတူတဲ့သူတွေအပေါ် မှာလည်း ဘာမှမပြောပါဘူး။ ဒါကြောင့် ကျွန်တော့်အခွေမှာ ဒီလို ခံစားချက်တွေ၊ ခံယူချက်တွေ၊ ကျွန်တော်ရပ်တည်တဲ့ Rock နဲ့ ဖွင့်ထုတ်တာမျိုးတွေ၊ သံဝေဂယူစရာတွေ ခံစားမှုပေါင်းစုံ ပါ လာ တယ်လို့ ပြောချင်တယ်။ ဒီအခွေနဲ့ပတ်သက်ပြီး ခံစားမှုကူးစက်ဖို့ပဲ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အနုပညာသမား နာမည်ကြီး တယ် ဆိုတာ ပြည်သူထောက်ခံလို့ဆိုပေမယ့်လည်း ကိုယ်တိုင်သည်လည်း ဒီနိုင်ငံရဲ့ ပြည်သူထဲကပြည်သူတစ်ယောက်ပဲ။ အဲဒီထက်အများကြီး ဘာမှမပိုဘူး။ ကိုယ်တတ်တဲ့အနုပညာကို ပရိသတ် လူအများက ထောက်ခံလို့သာ နေရာတစ်နေရာမှာ Celebrity ဖြစ်နေတာ။ တကယ်ပြန်ကြည့်ရင်တော့ ပြည်သူထဲက ပြည်သူပဲ။ အခု လတ်တလော ရေဘေးပဲကြည့်။ ခံနေရတာပြည်သူခံရ တယ်။ ပြည်သူခံရ တာ ကို ပြည်သူထဲကပြည်သူကပဲစောင့် ရှောက်နေကြတာပဲ။ အဲဒီတော့ ပြည်သူထဲကဖြစ်တဲ့ခံစားမှုကို ပြည်သူ ဖြစ်တဲ့အနုပညာသမားတွေက သူတို့ တတ်တဲ့အနုပညာနဲ့သရုပ်ဖော်တာပါပဲ။ သြဂုတ်လ ၈ ရက်နေ့အခွေထွက်မယ့်နေ့မှာ လင်းလင်းက ဒီမှာရှိမနေဘူးဆိုတော့ ဒီရက်ပိုင်းမှာ လင်းလင်းအလုပ်ရှုပ်နေ တဲ့အကြောင်းေ တွလည်း သိချင်ပါတယ်။ ကျွန်တော့်ရဲ့ Personal ခံယူချက်အရ ကျွန်တော်တန်ဖိုးထားလေးစားရတဲ့ လူထုခေါင်းဆောင်တစ်ယောက်ရဲ့ အလုပ်တွေကို ကျွန်တော် တတ်နိုင်သမျှ လိုက်လုပ်ပေးနေတယ်။ အဲဒီအတွက် ခရီးတွေ ထွက်ဖို့ရှိတယ်။ ဒါကြောင့်အခွေထွက်ချိန်မှာတော့ ဒီမှာရှိမနေဘူး။ ဒီကြား ထဲ သုံးလေးလလောက်ကတော့ ခရီးတွေတောက်လျှောက်သွား ဖြစ်နေမှာပါ။ အားရင်အားသလိုတော့ အနုပညာဘက်ကို လုပ်ဖြစ်ေ နမှာပါ။ အခွေတွေလည်း တောက်လျှောက်အသံသွင်းနေပါတယ်။ ရဲရဲ Popular Journal

Posted 1 year, 4 months ago

https://www.facebook.com/474304119324056/photos/a.474315445989590.1073741828.474304119324056/867839299970534/?type=3
View this post on Facebook
လူအပြောင်းအလဲဖြစ်သွားတဲ့ WANTED တီးဝိုင်း
=================================

၂၀၀၃ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ WANTED တီးဝိုင်းက လက်ရှိအချိန်မှာတော့ သက်တမ်း ၁၂ နှစ်ကျော်ရှိပြီး ပရိသတ် လက်ခံအားပေးမှု အများအပြား ရရှိထားတဲ့ တီးဝိုင်းတစ်ဝိုင်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ WANTED တီးဝိုင်းအနေနဲ့ လူအပြောင်းအလဲတွေရှိပြီး WANTED အနေနဲ့ အရင်လူအတိုင်း ရှိတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ WANTED တီးဝိုင်းမှာ အဆိုတော် ဖော်ကာ၊ ဂစ်တာ ဇော်ဇော်နဲ့ ရဲကြီး၊ ဘေ့စ် OD နဲ့ ဒရမ် ဦးရှည်ကြီး ၅ ယောက်က အမြဲအမာခံပွဲထွက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒီလူစာရင်းဟာ ၂ ပိုင်းဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ အခုလို အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး WANTED ရဲ့  အဆိုတော် ဖော်ကာက ....

"ဘဝမှာ တစ်ခါမှမဖြစ်ဖူးတဲ့ ခံစားမှုမျိုးတွေရော၊ နားလည်မှုတွေ၊ သင်ခန်းစာတွေ ရတယ်။ အားလုံးကတော့ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ။ ဒါပေမဲ့ အခုက အားလုံး အေးဆေးပါပဲ။ ကျွန်တော်နဲ့ ဂစ်တာသမား ဇော်ဇော်နဲ့ နှစ်ယောက်က WANTED မှာ ဆက်ရှိမယ်။ ကျန်တဲ့ Player တွေကလည်း WANTED အနေနဲ့ တီးဝိုင်းတစ်ခုအဖြစ် ဆက်ရှိနေမယ်။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်ရယ်၊ ဇော်ဇော်ရယ်၊ နောက် တခြား Player တွေ ပါမယ်။ ကျွန်တော်တို့အရင် WANTED က ဦးရှည်ကြီးတို့ ၃ယောက်ကလည်း WANTED Band တစ်ခုအနေနဲ့ ရှိနေမယ်။ ဒီနာမည်ကို သတ်သတ်စီလုပ်ဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် နှစ်ဦးနှစ်ဖက် နားလည်မှုယူလိုက်တယ်။ ဒါက ဝုန်းဒိုင်းကြဲပြီး ဖြစ်တာလည်း မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု မု(ဒ်)လေး မတူတော့တဲ့အတွက်ပါ။ ကျွန်တော့်အနေနဲ့ကတော့ WANTED အနေနဲ့ပဲ ရှိမယ်။ ကျွန်တော် တစ်သက်လုံး လုပ်လာတာ WANTED ပဲ။ စပြီး နာမည်ပေးပြီး ထူထောင်ခဲ့တာလည်း WANTED ပဲ။ ဒါကြောင့် ဒါကို ဘယ်နည်းနဲ့မှ အပျက်မခံနိုင်ဘူး။ အဓိကက ပရိသတ်ပေါ့။ ပရိသတ်တွေ စိတ်ညစ်ရမယ်ဆိုရင် ကျွန်တော် မနေတတ်ဘူး။ ကိုယ့်ကို အားပေးလို့ စိတ်ညစ်တာမျိုး ဘယ်တော့မှ မဖြစ်စေရဘူး။ ဒါကြောင့် WANTED အနေနဲ့က ဆက်ရှိနေမယ်။ အဲဒီအတွက် ကျွန်တော်ကလည်း WANTED အနေနဲ့ ရှိမှာဖြစ်သလို ကျန်တဲ့ WANTED အဖွဲ့သားတွေအနေနဲလည်း တီးဝိုင်းတစ်ခုအနေနဲ့ ရှိနေမှာပါ။ WANTED ကတော့ WANTED ပါပဲ။ ကျွန်တော် မသေသရွေ့ ဒီ Band ကတော့ ရှိနေမှာပါ" လို့ ဖော်ကာက သူ့တို့အဖွဲ့ရဲ့  လူအပြောင်းအလဲအကြောင်းကို ပြောပါတယ်။ ဖော်ကာနဲ့အတူ ဂစ်တာသမား ဇော်ဇော်နဲ့ Player အသစ်တွေနဲ့အတူ WANTED က ရှိမှာဖြစ်ပြီး WANTED ရဲ့  တခြား Player တွေဖြစ်တဲ့ ဦးရှည်ကြီး၊ ရဲကြီး၊ OD တို့ကလည်း တီးဝိုင်းတစ်ခုအနေနဲ့ ဖြစ်ပါတယ်။ ဒီလိုအပြောင်းအလဲအပေါ်မှာ WANTED ရဲ့  ဝိုင်းသားတွေကလည်း အခုလိုပဲ ပြောပြပါတယ်။

"ကျွန်တော် Facebook Group Chat ထဲမှာ လူမှုရေးအရ သဘောထားကွဲလွဲချက်လေးတွေနဲ့ အချေအတင်လေး ဖြစ်ကြတယ်ပေါ့။ အနုပညာနဲ့ မဆိုင်ပါဘူး။ ဒီလိုလေးတွေကစပြီး အခုလို အပြောင်းအလဲလေးဖြစ်တာပါ။ လောလောဆယ် ဆုံးဖြတ်ချက်ကတော့ ဖော်ကာအနေနဲ့လည်း WANTED Band အနေနဲ့ ဆက်သွားမယ်။ ကျွန်တော်တို့ကျန်တဲ့ Player တွေအနေနဲ့ကလည်း ကိုယ်တွေကိုယ်တိုင်ကလည်း WANTED တက်တူးတွေလည်း ထိုးထားကြပြီး WANTED ဝိုင်းသားတွေ ဖြစ်တဲ့အတွက် WANTED တီးဝိုင်းအနေနဲ့ ဆက်လက်ရပ်တည်သွားဖို့ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူပဲမှားခဲ့သည်ရှိသော် ပရိသတ်ကိုတော့ အားလုံးက တောင်းပန်ပါတယ်။ နောက်ပိုင်း အနုပညာလမ်းကြောင်းမှာလည်း ဒီလိုပဲ ကျွန်တော်တို့နဲ့ သူနဲ့ ကိုယ့်လမ်းကြောင်းအသီးသီးနဲ့ ရှိနေကြဦးမှာပါပဲ။ ကျွန်တော်တို့အနေနဲ့လည်း သီချင်းတွေတီးရင်းနဲ့ပဲ ဝို်င်းတစ်ခုအနေနဲ့ ဆက်ရှိနေမှာပါ။ တခြား အဆိုတော်တွေရဲ့  စီးရီးတွေမှာလည်း တီးပေးသွားကြဦးမှာပါ" လို့ WANTED ရဲ့ ဝိုင်းတော်သားတွေကလည်း ပြောပြခဲ့ပါတယ်။
------------------။---------------------

Credit-ရဲရဲ
Popular Journal

Posted 1 year, 4 months ago

https://www.facebook.com/483035415087265/photos/a.483061321751341.112139.483035415087265/949003278490474/?type=3
View this post on Facebook
မျိုးကြီးရဲ့ ပြောင်းလဲခြင်းများကို ခံစားခြင်း

တနှစ်မှာ တခွေ၊ တခွေဆို ဆိုသလောက် Rock ဂီတရဲ့ အနှစ်သာရကို ပေးနိုင်တဲ့ မျိုးကြီးရဲ့ “ပြောင်းလဲခြင်းများ” Album သစ် ထွက်ရှိလာခဲ့ပြီး သူ့ရဲ့ “Live 90” Show မှာလည်း အဲဒီ Album ထဲက သီချင်းသစ် တော်တော်များများကို သီဆိုခဲ့တာ တွေ့ရပါတယ်။ ဒီ Album ထဲက “မင်းရှိတဲ့ မြို့” သီချင်းက လေးဖြူရဲ့ “ဒိုင်ယာရီ” သီချင်းလိုပဲ On Line ပေါ်မှာ ကတည်းက ပရိသတ်များ ကြိုက်နှစ်သက်ခဲ့ကြတဲ့ သီချင်းဖြစ်ပါတယ်။ ဒါပေမယ့် Album ထွက်ရှိလာတဲ့ အခါမှာတော့ အဲ့ဒီ သီချင်းထက် စီးဆင်းမှုအား ပိုကောင်းတဲ့ သီချင်းတွေကို နားထောင်မိတဲ့ အခါမှာတော့ …။

မျိုးကြီးရဲ့ “ပြောင်းလဲခြင်းများ” Album သစ်ဟာ “ယူလိုက်” Album ထဲက သီချင်းပုံစံတွေရဲ့ အရှိန်ကို မမီဘူးလို့ ဆိုနိုင်ပေမယ့် ခေတ်နဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့ သီချင်းပုံစံလေးတွေကြောင့် စွဲမက်စရာကောင်းတဲ့ Rock Album တချပ် အဖြစ်တော့ အသိအမှတ်ပြုရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရည်အသွေးရှိတဲ့ တေးရေးအသစ် တချို့ရဲ့ လက်ရာမွန် သီချင်းတွေကိုလည်း ဒီ Album ထဲမှာ နားဆင် ခံစားခွင့်ရခဲ့တာကလည်း အနာဂတ်လူငယ် တေးရေးတွေ အတွက် အားတက်စရာ အလားအလာကောင်း တခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီ Album ထဲက သီချင်းတိုင်း လိုလိုဟာ သူ့ Music Style နဲ့ သူ သက်ဝင် ခံစားလို့ ကောင်းနေပေမယ့် လူသစ်တေးရေးဆရာ တချို့ရဲ့ သီချင်းလေးတွေကို အဓိက ညွှန်းဆို လိုပါတယ်။

ပထမဆုံး တေးရေး ရှိန်း ဖန်တီးရေးဖွဲ့ထားတဲ့ “သူရှိမှ” သီချင်းအကြောင်းကို စပြောချင်ပါတယ်။ ဒီသီချင်းကို ရုတ်တရက် နားထောင်ကြည့်လိုက်ရင် Slow Rock ပုံစံလို့ ထင်မှတ် နိုင်ပေမယ့် Slow Rock အငွေ့အသက် ပေါ်မှာ Arrange လုပ်ထားတဲ့ Music Style က British Rock Style မျိုးပေါ်လွင်နေပါတယ်။ Intro အဖွင့်မှာ Guitar Riff ရဲ့ Melodic ဖြစ်မှုနဲ့ အတူ Verse အဝင်မှာ Vocal Tempo ရဲ့ အတက်အကျ၊ အလူးအလိမ့်တွေကို Mood အား ကောင်းကောင်းနဲ့ သီဆိုသွားတဲ့ မျိုးကြီးရဲ့ Expression က သီချင်းအဖွင့်မှာ ကတည်းက သီချင်းရဲ့ ရသကို ပေါ်လွင် စေခဲ့ပါတယ်။

ဒါ့အပြင် Verse အစပထမပိုဒ်ရဲ့ “လှောင်ရယ်သံကြားက သည်းခံနိုင်ဦးမလား ငါရဲ့ စိတ်တွေ” ဆိုတဲ့ စကားလုံးရဲ့ ဖမ်းစားမှုက သီချင်းအပေါ် ပိုမိုတိမ်းညွတ်စေ ခဲ့သလို၊ ဒုတိယ Verse အဆုံး Chorus အပိုဒ်နဲ့ ချိတ်ဆက်သွားတဲ့ Chord phrasing ရဲ့ Melodic ဖြစ်မှုကလည်း သီချင်းရဲ့ Climax ကိုရောက်အောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ Verse တတိယပိုဒ် အဆုံး Guitar ကြိုးကို ပက်ထရမ်နဲ့ ပွတ်ဆွဲသွားပြီး Chorus အပိုဒ်ကို ပြန်ဝင်သွားတဲ့ ဟန်က သီချင်းရဲ့ Tempo ကို ပိုမိုမြင့်တက် လာစေခဲ့ပြီး စီးစီးပိုင်ပိုင်ရှိလှတဲ့ Chorus အပိုဒ်ရဲ့ Melodic ဖြစ်မှုကိုလည်း ပေါ်လွင်လာစေ ခဲ့ပါတယ်။ သီချင်း စ၊ လယ်၊ ဆုံး အချိတ်အဆက် မိလှတဲ့ အပြင် I.C Band ရဲ့ မှော်ပါတဲ့ Arrange တွေကြောင့် တွေ့မြင်နေကြ Slow Rock ဟန်တွေထဲက ခွဲထွက်လာတဲ့ သီချင်းကောင်းလေး တပုဒ်လို့ ဆိုရမှာဖြစ်ပါတယ်။

နောက်ထပ် သီချင်းကောင်းလေး တပုဒ်ကတော့ ဒီ Album ရဲ့ အပိတ်သီချင်းတပုဒ် ဖြစ်တဲ့ သွန်းပူရဲ့ “မေတ္တာတရား” ဆိုတဲ့ သီချင်းတပုဒ်လို့ ဆိုနိုင်ပေမယ့် ခေတ်သစ် Country Rock ဘက်ကိုလည်း နွှယ်နေတဲ့ သီချင်းပုံစံမျိုး ဖြစ်ပါတယ်။ သီချင်းရေးဖွဲ့ ဖန်တီးသူရဲ့ အနှောင်အဖွဲ့ ကင်းလွတ်တဲ့ စိတ်ကူးစိတ်သန်း လွတ်လပ်မှုနဲ့ အတွေ့အကြုံ များစွာ ရှိထားတဲ့ I.C Band ရဲ့ Arrangement ထူးခြားမှုကြောင့် ဒီသီချင်းဟာ သီခြား Music Style တခုအဖြစ် ပေါ်လွင် နေတာကို သတိထားမိခဲ့ပါတယ်။

ဒီ Album ထဲက သီချင်းတွေထဲမှာ Music Style အရရော၊ Arrangement အရပါ တကယ်ကို ထူးထူးခြားခြား ရှိလှတဲ့ သီချင်းကတော့ “အောင်းလာ” ရဲ့ “စိတ္တဇပုံတူ” သီချင်းပဲ ဖြစ်ပါတယ်။ အောင်းလာဟာ တေးရေးအသစ် တယောက် မဟုတ်ဘဲ ကိုယ်တိုင် တကိုယ်တော် Album ထွက်ရှိထားတဲ့ အဆိုရှင်တဦး ဖြစ်သလို သူ့ Album ဟာ သူကိုယ်တိုင် ရေးဖွဲ့ထားတဲ့ သီချင်းကောင်းလေးတွေကို မြည်းစမ်းခွင့် ရှိခဲ့ဖူးတာကြောင့် သီချင်းရေးလက် ရှိတဲ့သူတဦး ဆိုတာ အစကတည်းက အကဲခတ်မိခဲ့ ပါတယ်။ ဒါကြောင့်လည်း အခု “စိတ္တဇပုံတူ” လို သီချင်း ပုံစံမျိုးကို ဖန်တီးရေးဖွဲ့နိုင်တာ ဖြစ်ပါလိမ့်မယ်။ အောင်းလာဟာ Modern Rock ဂီတအပေါ်မှာ ပျော်ဝင်တတ်သူ တဦးဖြစ်မှန်း ဒီသီချင်းနဲ့ မီးမောင်းထိုး ပြထားပါတယ်။

Intro အဖွင့်ကို နားထောင်ပြီး Rock အပြင်းစား သီချင်းတပုဒ်လို သတ်မှတ်လိုက်မိတဲ့ အချိန်မှာ Bar ခရီးပြီး Verse အပိုဒ်ကို ၀င်သွားတဲ့ ပုံစံက ဆန်းသစ်တဲ့ ဂီတပုံစံတခုရဲ့ နိမိတ်ပုံကို မှတ်ယူရမှာဖြစ်ပါတယ်။ သီချင်းဖွဲ့တည်မှု Frame သဘောအရ ကျစ်လျစ်တဲ့ Music Style မျိုးဖြစ်ပေမယ့် Arrange လုပ်တဲ့အခါမှာ ချဲ့ရင် ချဲ့သလို Arrangement ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးနိုင်တဲ့ သီချင်းတပုဒ် ဖြစ်နေတာကလည်း ဒီသီချင်းရဲ့ အားသာချက် တခုဖြစ်ပါတယ်။

သီချင်း အကြောင်းအရာက ဟိုးအရင်က Oldic Rock တွေမှာ တွေ့ရလေ့ရှိတဲ့ နိမိတ်ပုံတွေကို အားပြုထားတဲ့ အကြောင်းအရာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် Music ပုံစံနဲ့ လိုက်ဖက်မှု ရှိတာကြောင့် ခံစားမှုအာရုံကို မြင့်စေခဲ့ပါတယ်။ တေးရေး အောင်းလာကော၊ အဆိုရှင်ဖြစ်တဲ့ မျိုးကြီးကော နှစ်ယောက်လုံးက Rock ဂီတကို နှစ်သက်သူတွေ ဖြစ်နေကြလို့ ဒီသီချင်းဟာ ဒီ Album ရဲ့ အထူးခြားဆုံး သီချင်းတပုဒ်ဖြစ်လာခဲ့တာ မဆန်းပါဘူး။

ဒါ့အပြင် IRON CROSS ရဲ့ ဂီတမှော် အစွမ်းတွေကိုပါ ထပ်ပေါင်းဆင့်လိုက်တဲ့ အခါမှာတော့ ဒီသီချင်းဟာပိုမို ထည်ဝါ တောက်ကြွား လာခဲ့ပါတယ်၊ အထူးသဖြင့် သီချင်း Ending ပိုင်းမှာ မျိုးကြီးရဲ့ High Pitch တွေဟာ ကြက်သီးထစရာ ကောင်းလောက်အောင်၊ သီချင်းရဲ့ အဆုံးသတ်ကို စွဲမက်ဖွယ် ဖြစ်လာအောင် ဆွဲခေါ်သွား နိုင်ခဲ့တာကြောင့် Show ပွဲတွေမှာ လူငယ်ပရိသတ်ရဲ့ အသွေးအသားကို ဆူဝေလှုပ်နှိုးနိုင်မယ့် သီချင်းတပုဒ်ပဲ ဖြစ်ပါတယ်။

ဒီ Album ထဲက Music Style အားဖြင့် လှပဆန်းသစ်ပြီး ချစ်စရာကောင်းတဲ့ သီချင်းတပုဒ်ကတော့ ရယ်ဂျီရဲ့ “3 am” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းဟာ ရယ်ဂျီပဲ ရေးထားတဲ့ ထက်အောင်ရဲ့ သီချင်းတပုဒ် Melody နဲ့ စာသား အကြောင်းအရာပါ ခင်ဆင်ဆင် တူနေပေမယ့် မျိုးကြီးရဲ့ “3 am” သီချင်းက ခေတ်သစ် Country Rock ပုံစံမျိုး ဖြစ်သလို၊ အဆိုပိုင်းမှာလည်း ကွာခြားမှု ရှိတာကြောင့် မျိုးကြီးရဲ့ “3 am” က ပိုပြီး ခံစား နားဆင်လွယ်မယ့် သီချင်းလို့ ဆိုနိုင်ပါ လိမ့်မယ်။

အောင်းလာရဲ့ “ကျောက်ခေတ်လူသား” သီချင်းကလည်း Carlos Santana ရဲ့ သီချင်းကို မျိုးကြီးပြန်ဆိုခဲ့တဲ့ “အိပ်ဖန်စောင့်” သီချင်းပုံစံရဲ့ လောင်းရိပ်အောက်မှာ ရောက်နေခဲ့ပေမယ့် Chorus အပိုဒ်ရဲ့ Melody အချိုးအကွေ့ ကြောင့် Latin Rock ဂီတကို နှစ်သက်ကြတဲ့ ပရိသတ်ကတော့ အရသာတွေ့မှာ အမှန်ပါပဲ။

မျိုးကြီးရဲ့ “ပြောင်းလဲခြင်း” Album သစ်ဟာ မျှော်လင့်စောင့်စားရကျိုး နပ်အောင် ပရိသတ် စိတ်ကျေနပ်မှု ရနိုင်မယ့် Album တချပ်ဖြစ်သလို၊ အထက်က ညွှန်းဖွဲ့ခဲ့တဲ့ သီချင်းတွေ အပြင် စံပီးရဲ့ “မင်းရှိတဲ့မြို့”၊ စနိုရဲ့ “ဆောင်း” စတဲ့ သီချင်းတွေကလည်း မျိုးကြီးရဲ့ အမာခံပရိသတ်တွေ စွဲမက်နှစ်သက်ကြမယ့် သီချင်းတွေ ဖြစ်တာကြောင့် အပြောင်းအလဲကို မျှော်လင့်နေကြတဲ့ Rock ဂီတပရိသတ်ကို မျိုးကြီးရဲ့ “ပြောင်းလဲခြင်းများ” က တစုံတခု ပြောင်းလဲမှု ရသကိုတော့ ပေးနိုင်စွမ်းမှာ အမှန်ပါပဲ။ ။

Credit- irrawaddy

Posted 1 year, 4 months ago

https://www.facebook.com/483035415087265/photos/a.483061321751341.112139.483035415087265/944056575651811/?type=3
View this post on Facebook
ကို ညလင်းထယ် ရဲ့ 

Second Album #ပထမတန်းစား 
7.7.2015 မှာ ထွက် ရှိ တော့ မှာ ဖြစ် ပါ တယ် 
အ စစ် အ မှန် ကို အား ပေး ကြ ပါ စို့

ဒီ Album မှာ ထူးခြား တာ လေးက 
တေးရေး အနေ နဲ့ 
Mixing and Masteringဆရာမြင့်ဇော် 
ဝင်ရေးပေးထားတာပါ ဘဲ

Posted 1 year, 5 months ago

https://www.facebook.com/483035415087265/photos/a.504263389631134.1073741825.483035415087265/933938783330257/?type=3
View this post on Facebook
Nice ♥ ♥ ♥

Posted 1 year, 5 months ago

https://www.facebook.com/483035415087265/photos/a.504263389631134.1073741825.483035415087265/932608573463278/?type=3
View this post on Facebook
S I R Rock House က ဂု ရု ကြီး တွေ

Rock Will Never Die
Admin Team

Posted 1 year, 6 months ago

https://www.facebook.com/483035415087265/photos/a.483061321751341.112139.483035415087265/926613270729475/?type=3
View this post on Facebook
ဘယ်သီချင်းတွေ အကြိုက်ဆုံးလဲ မန်.ခဲ့ဦး..

Rocker ကြီးတွေ.....

I Love 3AM ♥ ♥ ♥ ♥

Posted 1 year, 6 months ago

https://www.facebook.com/483035415087265/photos/a.504263389631134.1073741825.483035415087265/924123594311776/?type=3
View this post on Facebook
မနက်ဖြန်ရပြီနော် Rocker အပေါင်းသူတော်ကောင်းတို့

မူရင်းခွေအားပေးကြမယ်ဗျ........................................

Rock Will Never Die

Admin Team

Posted 1 year, 6 months ago

https://www.facebook.com/483035415087265/photos/a.483061321751341.112139.483035415087265/921862741204528/?type=3
View this post on Facebook
သီချင်းရေးတဲ့နေရာမှာ အရမ်းမိုက်တဲ့ ဆရာကြီးတွေ

Rock Will Never Die

Posted 1 year, 6 months ago

https://www.facebook.com/483035415087265/photos/a.483061321751341.112139.483035415087265/921400621250740/?type=3
View this post on Facebook
ကြည့်ရတော့မယ့် အငဲရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲ
Byဇွဲဉာဏ်
အိုင်းရင်းခရော့စ်တေးဂီတအဖွဲ့မှ ပင်တိုင်အဆိုတော် အငဲ၏ ပထမဆုံး တစ်ကိုယ်တော်ဖြစ်သည့် Live 90 ဖျော်ဖြေပွဲကို ဇွန်လ ၂၁ ရက်တွင် စမ်းချောင်း ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဖျော်ဖြေပွဲကို ဇွန်လ ၂၁ ရက် ည ၈ နာရီခွဲတွင် စတင် ဖျော်ဖြေမည်ဖြစ်ပြီး 4HD နှင့် 5 SPECICAL ရုပ်သံလိုင်းများမှ ည ၉ နာရီတွင် စတင်ပြသပေးမည်ဖြစ်ကြောင်း 5 Plus ရုပ်သံလိုင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ဖျော်ဖြေပွဲ လက်မှတ်များကို ကျပ် ၅၀,၀၀၀ တစ်မျိုးတည်းသာ ရောင်းချပေးမည်ဖြစ်ပြီး လေးဖြူ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကဲ့သို့ပင် လက်မှတ်အစောင်ရေ တစ်ထောင်သာ ရောင်းချမည်ဟု ၎င်းကဆိုသည်။
လက်မှတ်များကို ဇွန်လ ၁ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း 5 Network Show- room၊ 4 Digital Showroom၊ The Sun Music Production နှင့် 1876 Call Center တို့၌ ၀ယ်ယူနိုင်သည်။
မိနစ် ၉၀စာ ဖျော်ဖြေပွဲကို မေလ ၁၅ရက်က လေးဖြူ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြင့် စတင်ခဲ့ပြီး လေးဖြူ၏ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်များကို ပရိသတ်များက အားရခဲ့ကြသည်။
သို့သော်လည်း ရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသသည့်အစီအစဉ်တွင် ကြော်ငြာများထည့်သွင်းခဲ့သောကြောင့် ရုပ်သံကြည့်ပရိသတ်များက ဝေဖန်ခဲ့ကြ သည်။
ယင်းအစီအစဉ်အတွက် ရုပ်သံလိုင်းဘက်က စက်အသုံးပြု ကြည့်ရှုသူများထံ အပိုကြေး ကောက်ခံခဲ့ခြင်းမရှိဘဲ ဖျော်ဖြေပွဲတစ်ပွဲ၏ ကုန်ကျစရိတ်မြင့်မားသောကြောင့် ကြော်ငြာထည့်ရခြင်းဖြစ်ကြောင်း ဖျော်ဖြေပွဲအစီအစဉ်အတွင်း ကြော်ငြာထည့်ရသည့်အကြောင်းရင်းကို 5 Plus ရုပ်သံလိုင်းမှ တာဝန်ရှိသူကပြောကြားသည်။
မိနစ် ၉၀ စာ ဖျော်ဖြေပွဲအစီအစဉ်ကို လေးဖြူ၏တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြင့်စတင်ခဲ့ပြီး တစ်လလျှင်တစ်ပွဲ ပြုလုပ်သွားမည်ဖြစ်ကာ ဇူလိုင်တွင် မျိုးကြီး၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ၊ သြဂုတ်လတွင် ၀ိုင်ဝိုင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲများ ဆက်တိုက်ပြုလုပ်မည်ဖြစ်သည်။
From 7days

Rock Will Never Die

Posted 1 year, 6 months ago

https://www.facebook.com/483035415087265/photos/a.483061321751341.112139.483035415087265/919024681488334/?type=3
View this post on Facebook
သူတို့နှစ်ယောက်ရဲ့သီချင်းတွေထဲမှာ

 ခင်ဗျားတို့အရမ်းကြိုက်တဲ့သီချင်းလေးတွေရှိရင်

Comment ပေးစေချင်ပါတယ်.................

Rock Will Never Die 

Admin Team

Posted 1 year, 6 months ago

https://www.facebook.com/483035415087265/photos/a.483061321751341.112139.483035415087265/916312191759583/?type=3
View this post on Facebook
ဘယ်လိုနေနေ အရမ်းမိုက်တဲ့ Rocker Gyi

photo credit - IC Crazy Lnmy

Rock Will Never Die

Posted 1 year, 6 months ago

https://www.facebook.com/483035415087265/photos/a.483061321751341.112139.483035415087265/915809101809892/?type=3
View this post on Facebook
HappyBirthday ပါ ကိုဟန်ထူးလွင်(Bigbag)

ပျော်ရွှင်သော မိသားစုနဲ့ အတူ

ဂီတလောကမှာ ဒီထက်မက

ထာ ဝ ရ အောင် မြင် မူ များ ပိုင် ဆိုင် နိုင် ပါ စေ လို့

Rock Will Never Die Page မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်

Admin Team

Posted 1 year, 6 months ago

https://www.facebook.com/483035415087265/photos/a.483061321751341.112139.483035415087265/913731888684280/?type=3
View this post on Facebook
19.5.2015 ကိုလေးဖြူ  မွေးနေ.ပါ ........အမျိုးတွေ သူ.အတွက် ဆုတောင်းချီးမြှင့်စကားလေး ပေးပါဦး............သူ.သီချင်းများနှင့် comment ဆုမွန်ကောင်းတောင်းပေးစေချင်ပါတယ် Request ပါ ..........

Thanks all Everybody

Admin Team

☆ ★ 。☆。 。☆。 ★。\|/。 ★ 。 HAPPY BIRDTHDAY ★。/|\。 ★ 。☆。.... မွေး နေ့ မှ သည် . . နောင် နှစ် ပေါင်း တစ် ရာ တိုင် . . စိတ် ၏ ချမ်း သာ ခြင်း ကိုယ် ၏ ကျန်း မာ ခြင်း များ နှင့် ပြည့် စုံ ပါ စေ . .

Posted 1 year, 6 months ago

https://www.facebook.com/483035415087265/photos/a.483061321751341.112139.483035415087265/913352942055508/?type=3
View this post on Facebook
ကိုမျိုးကြီး = ပြောင်း လဲ ခြင်း များ 
မကြာမီ အား ပေး ကြ ပါ စို့ :)

photo credit - Htoo Myat Tun

Posted 1 year, 7 months ago

https://www.facebook.com/483035415087265/photos/a.504263389631134.1073741825.483035415087265/907182179339251/?type=3
View this post on Facebook
2015 သင်္ကြန် မန်းလေး ပုံရိပ်များ

Posted 1 year, 7 months ago

https://www.facebook.com/483035415087265/photos/a.504263389631134.1073741825.483035415087265/898177950239674/?type=3
View this post on Facebook
မြင်ရတာ ကြည်နူးမိတယ်ဗျာ....

Fokker တို့ အတွဲမြင်ရတာ

Posted 1 year, 7 months ago

https://www.facebook.com/483035415087265/photos/a.504263389631134.1073741825.483035415087265/898175630239906/?type=3
View this post on Facebook
Coming Soon . . . . . :)

Posted 1 year, 8 months ago

https://www.facebook.com/483035415087265/photos/a.504263389631134.1073741825.483035415087265/891779087546227/?type=3
View this post on Facebook